စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်-၁၀၊ရိုးရာဂျပ်ခုတ်သင်တန်းအမှတ်စဉ် -၂၂၊ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၀၈:၃၀)နာရီအချိန် အဆိုပါ သင်တန်းကျောင်းခန်းမ၌ကျင်းပပြုလုပ်ပါသည်။အဆိုပါအဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း(အမှတ်စဉ်-၁၀)တွင်သင်တန်းသူ(၂၀)ဦး၊ရိုးရာဂျပ်ခုတ်သင်တန်းတွင်(၅ )ဦးစုစုပေါင်းသင်တန်းသူ(၂၅)ဦးတက်ရောက်ပြီးသင်တန်းကာလမှာ (၂၂) ပတ်ကြာစာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်းသိရသည်။



