မေလ ၃ ရက်နေ့နံနက်ပိုင်းတွင် Myanmar Thai Yod Agriculture Development Co., Ltd. နှင့် Siam Tigers Myanmar Co., Ltd. သည်နေပြည်တော်တန်ချိန် ၂၄၀ ပီလောပီနံမှုန့် စက်ရုံ(Nay Pyi Taw Cassava Starch 240 Ton Factory) ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မြန်မာနိုင်ငံစီချွမ်-ချုံချင့်ကုန်သည်များအသင်းချုပ်၌ ခမ်းနားသိုက်မြိုက်စွာကျင်းပခဲ့သည်။ Myanmar Thai Yod Agriculture Development Co., Ltd. မှ မန်းနေးဂျင်းဒါရိုက်တာZhou Liang နှင့် Siam Tigers Myanmar Co.,Ltd မှ Mr. Mongkol တို့သည် ကိုယ်စားလှယ်အဖြစ် လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ယခုအကြိမ် လက်မှတ်ရေးထိုးသည့် ပီလောပီနံမှုန့်စက်ရုံ စီမံကိန်းသည် အဓိပ္ပါယ်လေးနက်လှပါသည်။ စက်ရုံသည် နေပြည်တော်တွင်တည်ရှိပြီးဧရိယာ ၁၁.၁၅၇ ဧက ကျယ်ဝန်း ကာ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၂ သန်းအထိ ရှိသည်။



