လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး(၄၂) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကိုယနေ့ ကျင်းပလျှက်ရှိရာ ညောင်ရေသွန်းလောင်း ကုသိုလ်ယူသူ ဘုရားဖူးများ များပြားနေကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။အဆိုပါ ရွှေတိဂုံစေတီတော်မြတ်ကြီး(၄၂)ကြိမ်မြောက် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး ၍ ရွှေတိဂုံစေတီတော်ရင်ပြင်၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပခြင်းဖြစ်သည်။



