ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆိုးရွားတဲ့ပုံစံ ဆက်ပြီးရှိနေရင် သူထွက်ခွာသွားနိုင်တယ်လို့ ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်တဲ့ ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ်။ အာမိုရင်က “လက်ရှိအခြေအနေက ရှက်ဖို့ကောင်းပြီး လက်ခံဖို့ခက်ခဲပါတယ်။ ယူနိုက်တက်လို အသင်းအနေနဲ့ ပွဲရှုံးရမှာကို ကြောက်ရွံ့မှု မရှိတော့ဘူးဆိုရင် ဒါက အသင်းကြီးတွေအတွက် အန္တရာယ်အရှိဆုံးအရာပါ။ ဒီမှာရှိတဲ့ လူတိုင်းအနေနဲ့ ကိစ္စအများအပြားကို လေးလေးနက်နက် စဉ်းစားဖို့လိုပါတယ်။ လူတိုင်းက ဗိုလ်လုပွဲအကြောင်းကို တွေးနေပေမယ့် ဒီထက်ပိုကြီးမားတဲ့ စဉ်းစားစရာတွေရှိပါတယ်။ ကျနော်တို့ဟာ ဒီလိုမျိုးတွေ နောက်ရာသီမှာရှိမှာ မဟုတ်တဲ့အတွက် နွေရာသီမှာ သန်မာပြီး သတ္တိရှိဖို့လိုပါတယ်။ ပြောင်းလဲမှု မလုပ်နိုင်ရင်တော့ မတူညီတဲ့လူတွေ ကို နေရာပေးသင့်ပါတယ်”လို့ ပြောခဲ့တာပါ။



