အိန္ဒိယနှင့် ပါကစ္စတန်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် နှစ်နိုင်ငံကြား အဓိကပြဿနာ ၃ ခုဖြစ်သည့် ကက်ရှ်မီးယားဒေသအရေး၊ အကြမ်းဖက်မှုနှင့် အင်ဒူမြစ်ရေ စာချုပ်ကိစ္စတို့ကို ဆွေးနွေးမည်ဟု ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အဆစ်ဖ် (Khawaja Asif) က ပြောကြားခဲ့သည်ဟု India Today မှ ဖော်ပြခဲ့သည်။အိန္ဒိယနှင့် ပါကစ္စတန်ကြား နယ်စပ်ဖြတ်ကျော် ဒရုန်းတိုက်ခိုက်မှုများ၊ ဒုံးကျည်တိုက်ခိုက်မှုများဖြင့် စစ်ရေးအရ ၄ ရက်ကြာ ထိတ်တိုက် ရင်ဆိုင်ခဲ့ပြီးနောက် အဆစ်ဖ်၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။



