back

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ကူလူဆက်ဗ်စကီး ပါဝင်နိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြပိုစတီကိုဂလူးက ပြောကြား

May 12 • 5:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ကူလူဆက်ဗ်စကီး ပါဝင်နိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြပိုစတီကိုဂလူးက ပြောကြား

စပါးအသင်းက ပဲလေ့စ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ တောင်ပံကစားသမား ကူလူဆက်ဗ်စကီးဟာ ယူနိုက်တက်အသင်းနဲ့ ယူရ...

စပါးအသင်းက ပဲလေ့စ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ တောင်ပံကစားသမား ကူလူဆက်ဗ်စကီးဟာ ယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပါဝင်နိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြပိုစတီကိုဂလူးက ပြောခဲ့ပါတယ်။ ပိုစတီကိုဂလူးက “ဆေးအဖွဲ့က သူ့အခြေအနေကို အလွန်စိုးရိမ်ပူပန်မှု မရှိပါဘူး။ အဲဒါကြောင့် သူအဆင်ပြေဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ပဲလေ့စ်အသင်းနဲ့ပွဲစဉ်က အသင်းရဲ့ စွမ်းဆောင်ရည်ကတော့ စိတ်ပျက်ဖို့ကောင်းပြီး ပရီးမီးယားလိဂ်မှာ ကျနော်တို့လိုချင်တဲ့ အဆင့်ကို ရောက်ရှိဖို့ ဝေးကွာပါတယ်။ ကျနော်တို့ဟာ ပိုပြီးကောင်းအောင် စွမ်းဆောင်နိုင်မယ်လို့ထင်ကြောင်း”ပြောခဲ့တာပါ။


news-view-count-icon

19