ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့မှာ ယမန်နေ့ မေလ ၁၁ ရက် ညနေပိုင်းက မိုးရွာသွန်းနေချိန် မိုးကြိုးပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ မိုးကြိုးပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာဟာ မဲဆောက်မြို့၊ မဲဆောက်ရပ် ကွက်၊ တရုတ်သင်္ချိုင်းအနီးက ထန်းပင်တစ်ပင်ဖြစ်တယ်လို့ မဲဆောက်မှာ နေ ထိုင်သူ မြန်မာတစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်အတွင်း လူထိခိုက်မှုမရှိပေမဲ့ မိုးကြိုးပစ်ခံရတဲ့ ထန်းပင်ဟာ မီးလောင်သွားခဲ့တာကြောင့် မဲဆောက် မီးသတ်တပ်ဖွဲ့က ငြိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။ " ကျွန်တော်က မဲဆောက်ရဲစခန်းနား မိုးရွာလို့မိုးခိုနေတဲ့အချိန် မိုးကြိုးပစ်တာ အသံကအရမ်းကျယ်တော့ ကြောက်စိတ်တောင် ဝင်သွားတယ် မိုးကြိုးပစ်တဲ့ နေရာနဲ့ ရဲစခန်းက သိပ်မဝေးဘူး ”လို့ မဲဆောက်မှာ နေထိုင်သူ ကိုထွန်းအောင်က ပြောပါတယ်။



