ကာတာတော်ဝင်မိသားစုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား အမေရိကန်သမ္မတ၏ အဆောင်အယောင်ဖြစ်သော Air Force One အသစ်အဖြစ် အသုံးပြုရန်အတွက် Boeing 747-8 jumbo ဂျက်လေယာဉ်အသစ်တစ်စီး လက်ဆောင်ပေးအပ်ရန် စီစဉ်ထားသည်။ ထရမ့်၏ မကြာမီသွားရောက်မည့် အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း အဆိုပါဂျက်လေယာဉ်ကို လွှဲပြောင်းပေးအပ်မည်ဟု မျှော်လင့်ရသည်။ "မိုးပျံနန်းတော်" ဟု တင်စားခေါ်ဝေါ်ကြသည့် အဆိုပါလေယာဉ်ကို ထရမ့်အား လက်ဆောင်ပေးရန်အတွက် လေယာဉ်အတွင်းပိုင်းကို အထူးတလည် မွမ်းမံထားသည်။ ထရမ့်သည် ဖေဖော်ဝါရီလအတွင်း West Palm Beach အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရပ်နားထားစဉ် အဆိုပါလေယာဉ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး အတည်ပြုခွင့်ပြုချက် ပေးထားပြီးဖြစ်သည်။



