ပြောင်းဖူးလို့ ပြောလိုက်ရင် အရင်ဆုံးပြေးမြင်မှာက အဝါရောင်ရှိတဲ့ သကြားပြောင်းပါ။ နောက်ထပ်တွေးမိနိုင်တာက အဖြူရောင်လေးတွေရှိနေတဲ့ ခပ်စီးစီး ပလို့ပြောင်းပေါ့။ ပြောင်းဖူးလေးတွေထဲမှာ အနီရောင်၊ အဝါရောင်၊အဖြူရောင်နဲ့ ခရမ်းရောင်ဆိုပြီး အရောင်အသွေးတွေက စုံနေအောင်ရှိပါတယ်။ ဒီထဲမှာမှ ဆေးဖက်လည်းဝင် စားလို့လည်းကောင်း အာဟာရလည်းပြည့်စေတဲ့ ခရမ်းရောင်ပြောင်းဖူးရဲ့ ကျန်းမာရေးအာနိသင်အကြောင်းကို PAN ပရိတ်သတ်များအတွက် ကျန်းမာ ရေး ဗဟုသုတရစေဖို့ ကျန်းမာ ရေးကဏ္ဍကနေ ဖော်ပြပေးလိုက်ပါတယ်။ ခရမ်းရောင်ပြောင်းဖူးလေးက ဆီးချို၊ သွေး တိုး၊ အဝလွန်တာတွေကို သက်သာစေနိုင်သလို သွေးတွင်းကိုလက်စထရောကိုလည်း ကျစေနိုင်ပါတယ်။



