သီရိလင်္ကာရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးနှိမ်နင်းမှုစစ်ဆင်ရေး၌ ပြီးခဲ့သည့် ၂၄ နာရီကာလအတွင်း လူပေါင်း ၃၅၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ ယင်းသို့ ဖမ်းဆီးရမိမှုတွင် ခရစ်စတယ်မက်သာဖက်တမင်းဖြန့်ဖြူးမှုဖြင့် သံသယရှိသူ ၁၃၃ ဦး၊ ဘိန်းဖြူရောင်းချ မှုဖြင့် သူသံသယရှိသူ ၁၂၉ ဦးနှင့် ဆေးခြောက် ရောင်းချမှုဖြင့် သံသယရှိသူ ၉၄ ဦးတို့ပါဝင်သည်ဟုလည်းသိရသည်။ ယခုဖမ်းဆီးမှုသည် ဧပြီလ ၁၃ ရက်ကစတင်ခဲ့သည့် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုနှင့် ဆက်နွှယ်သည့်ရာဇ၀တ်မှုများအားတိုက်ဖျက်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်သည့် လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းလည်းသိရသည်။



