ပါကစ္စတန်နိုင်ငံသည် လေကြောင်းခရီးစဉ်အားလုံးအတွက် ၎င်း၏လေပိုင်နက်ကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ပါကစ္စတန်လေဆိပ်များအာဏာပိုင် (PAA) ကပြောကြားခဲ့သည်။ "ပါကစ္စတန်ရဲ့လေပိုင်နက်ကို ပျံသန်းမှုခရီးစဥ်အမျိုးအစားအားလုံးအတွက် အပြည့်အဝပြန်ဖွင့်ထားပါတယ်" ဟုလည်း PAA ပြောရေးဆိုခွင့်ရှိသူက ရှင်းဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။ အိန္ဒိယနှင့်ပါကစ္စတန်အကြား ယခုသီတင်းပတ်အစောပိုင်းကဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လေကြောင်းလုံခြုံရေးဆိုင်ရာချိုးဖောက်မှုများအတွက် စိုးရိမ်မှုများမြင့်တက်လာကာခရီးစဥ်များလည်းရပ်နားခဲ့ရသည်။



