back

နမ့်ခမ်း လွယ်ချပ်အုပ်စုမှာ မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်သူ များလာ၊

May 11 • 12:42 PM

breaking-news

မြန်မာ

ရှမ်း

cover

နမ့်ခမ်း လွယ်ချပ်အုပ်စုမှာ မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်သူ များလာ၊

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် လွယ်ချပ်အုပ်စုမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ များလာပြီး စားဝတ်နေရေးအတွက် အသက်မပြည့်သေးတဲ့ ကလေးတွေဟာ ပြည်ပဘက် အလုပ် ထွက်လုပ်နေရ...

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် လွယ်ချပ်အုပ်စုမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ များလာပြီး စားဝတ်နေရေးအတွက် အသက်မပြည့်သေးတဲ့ ကလေးတွေဟာ ပြည်ပဘက် အလုပ် ထွက်လုပ်နေရကြပါတယ်။လွယ်ချပ်အုပ်စု ဆောရမ်၊ ပန်လုံ‌၊ အော်ကား၊ ဖတ်မုံ စတဲ့ကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ များလာသလို အိမ်တွင်းအကြမ်းဖက်မှုပြဿနာလည်း ကြုံနေရကြောင်း ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ ကျေးရွာတစ်ရွာရဲ့ ၃ ပုံ ၂ ပုံလောက် ရှိနေပြီး အမျိုးသားအပြင် အမျိုးသမီးတွေလည်း သုံးစွဲလာကြတယ်လို့ သူက ဆက်ပြောပါတယ်။မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် မိသားစုအတွင်း အိမ်တွင်းအကြမ်းဖက်မှု၊ ကျေးရွာအတွင်း လူမှုရေးပြဿနာနဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေက ကျောင်းမတက်နိုင်တော့ဘဲ စားဝတ်နေရေးအတွက် တရုတ်ပြည်ဘက် အလုပ် သွားလုပ်နေကြရတယ်လို့ ဆိုပါတယ်။



news-view-count-icon

9