MNL League Cup 2025 အုပ်စု (D) ပွဲစဉ်အဖြစ် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် မြဝတီ (၀-၃) ဒဂုံစတားယူနိုက်တက်အသင်းတို့ ပွဲစဉ်၏ AYA Pay Man of the Match အကောင်းဆုံးကစားသမားဆုကို ဒဂုံစတားယူနိုက်တက်အသင်း၏ တောင်ပံတိုက်စစ်ကစားသမား စွမ်းထက်က ရရှိခဲ့သည်။AYA Pay အကောင်းဆုံးဆုအတွက် ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် နှစ်သိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်ကို ဒဂုံစတားယူနိုက်တက်အသင်းဥက္ကဌ ဦးတင်မိုးနိုင်က ချီးမြှင့်ပေးခဲ့သည်။



