back

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

May 11 • 12:41 PM

breaking-news

မြန်မာ

ရှမ်း

cover

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ...

ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်က မိုင်းငေါ့မြို့ ကွမ်စလန်းအုပ်စု ပန်လော့ရွာနေ သားဖြစ်သူ မင်္ဂလာဆောင်ဖို့ နောင်ချိုမြို့နယ် ဟိုခိုရွာရှိ အမျိုးသမီးကို တင်တောင်းဖို့သွားချိန် အုမ္မသီး၊ အုမ္မခါး အနီးမှာ သားဖြစ်သူ ပစ်သတ်ခံရပြီး အမေဖြစ်သူ အသက် ၅၇ အရွယ် ဒေါ်ခမ်းအေးနဲ့ အသက် ၄၀ ကျော်အရွယ် ဦးလေးဖြစ်သူ ဦးမြင့်ဌေးတို့ ပျောက်ဆုံးနေတာပါ။



news-view-count-icon

10