back

မော်လမြိုင် နဂါးမောက်စေတီတော်တွင် ညောင်ရေသွန်းပွဲ တော်ကျင်းပပြုလုပ်၊ မြို့လုံးကျွတ်နီးပါး စတုဒီတာ ကျွေးမွေးမည်

May 11 • 12:39 PM

breaking-news

မြန်မာ

မွန်

cover

မော်လမြိုင် နဂါးမောက်စေတီတော်တွင် ညောင်ရေသွန်းပွဲ တော်ကျင်းပပြုလုပ်၊ မြို့လုံးကျွတ်နီးပါး စတုဒီတာ ကျွေးမွေးမည်

မော်လမြိုင်မြို့၊ နဂါးမောက်စေတီတော်တွင် ယနေ့ မေ(၁၁) ရက်(ကဆုန်လပြည့် ဗုဒ္ဓနေ့ )၌ ညောင်ရေသွန်း‌ပွဲတော်စည် ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့လုံးက...

မော်လမြိုင်မြို့၊ နဂါးမောက်စေတီတော်တွင် ယနေ့ မေ(၁၁) ရက်(ကဆုန်လပြည့် ဗုဒ္ဓနေ့ )၌ ညောင်ရေသွန်း‌ပွဲတော်စည် ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့လုံးကျွတ်နီးပါး စတုဒီတာ ကျွေးမွေးဧည့်ခံခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။မော်လမြိုင်မြို့၌ စတုဒိတာကျွေးမွေးရာတွင် ကျိုက်သလ္လံစေတီတော်မြတ်၊ မဟာမြတ်မုနိဘုရားကြီး၊ နဂါးမောက်စေတီတော်မြတ်၊ ဘိုကုန်းရပ် တနင်္သာရီလမ်းရှိ ဓမ္မနန္ဒီစာသင်တိုက်၊ ဘိုကုန်း၊ သိမ်ကုန်းရပ် ပုညကာရီ ဓမ္မာရုံရှေ့၊ Iris စားသောက်ဆိုင်အပါအဝင် နေရာ(၁၅) နေရာတို့တွင် နိဗ္ဗာန်ဈေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

13