back

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းဟာစီနာရဲ့ အဝါမီလိဂ်ပါတီ နိုင်ငံရေးလှုပ်ရှားမှုတွေ ပိတ်ပင်ခံရ

May 11 • 12:38 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းဟာစီနာရဲ့ အဝါမီလိဂ်ပါတီ နိုင်ငံရေးလှုပ်ရှားမှုတွေ ပိတ်ပင်ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ် လူထုအုံကြွမှုအတွင်း ဖြုတ်ချခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာရဲ့ အဝါမီလိဂ်ပါတီရဲ့ လှုပ်ရှားမှုအားလုံးကို တားမြစ်ပိတ်ပ...

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ် လူထုအုံကြွမှုအတွင်း ဖြုတ်ချခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာရဲ့ အဝါမီလိဂ်ပါတီရဲ့ လှုပ်ရှားမှုအားလုံးကို တားမြစ်ပိတ်ပင်လိုက်ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။နိုင်ငံရဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ ပါတီရဲ့လှုပ်ရှားမှုတွေအားလုံးကို အွန်လိုင်းနဲ့ ပြင်ပတွေမှာပါ တားမြစ်ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ဘင်္ဂလာဒေ့ရှ် ကြားဖြတ်အစိုးရက မေ၁၀ရက်နေ့က နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နှစ် ဇူလိုင်နဲ့ ဩဂုတ်လတွေအတွင်း ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး အထူးခုံရုံးရဲ့စစ်ဆေးမှုတွေ မပြီးမချင်း ပါတီနဲ့ ပါတီခေါင်းဆောင်တွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပိတ်ပင်ခံထားရမှာဖြစ်ပါတယ်။

news-view-count-icon

13