အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ ရက်အတန်ကြာ ဖြစ်ပွားပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပေမယ့် နာရီပိုင်းအကြာမှာတင် ချိုးဖောက်မှုတွေရှိတယ်လို့ နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲနေပါတယ်။အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီးနောက် ရရှိထားတဲ့ သဘောတူညီချက်ကို ပါကစ္စတန်က ထပ်တလဲလဲ ချိုးဖောက်နေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဗီခရမ်မီစရီက ပြောပါတယ်။ပါကစ္စတန်အနေနဲ့ အပစ်အခတ်ရပ်စဲရေးအပေါ် သစ္စာရှိရှိ အကောင်အထည်ဖော်ဖို့ ကတိပြုထားဆဲဖြစ်ပြီး အချို့နေရာတွေမှာ အိန္ဒိယဘက်က ချိုးဖောက်မှုတွေရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲထားပြန်ပါတယ်။
May 11 • 12:37 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


