ဂျပန်မှ ဇာတ်ကောင်ပုံစံ ဝတ်ဆင်ဖျော်ဖြေရသူ(cosplayer) တဦးက ချစ်သူ၏လက်သူကြွယ်ကို ဖြတ်လိုက်ပြီး ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် အင်တာနက်အသုံးပြုများတုန်လှုပ်သွားခဲ့ကြသည်။အမျိုးသမီးက ချစ်သူကို အရမ်းချစ်ကြောင်း အခိုင်အမာပြောကြားပြီး၊ တခြားသူနှင့် လက်ထပ်ရန် သို့မဟုတ် မင်္ဂလာလက်စွပ်လဲလှယ်တာမျိုး မလုပ်စေလိုကြောင်း ပြောကြားခဲ့သည်။ဂျပန်နိုင်ငံ၊ ဟွန်ရှူးကျွန်းရှိ ကန်စိုင်းဒေသမှ အိုဆာကာရဲတပ်ဖွဲ့သည် အမည်မဖော်လိုသူ အသက် ၂၁ နှစ် အရွယ် နစ်နာသူ၏ အရေးပေါ် ဖုန်းခေါ်ဆိုမှုအား ဇန်န၀ါရီလတွင် လက်ခံရရှိပြီးနောက် ယင်းကိစ္စလူသိ များလာခြင်းဖြစ်သည်။လမ်းခွဲရန် အငြင်းအခုံဖြစ်ပြီးနောက် ၎င်း၏ချစ်သူ အသက် ၂၃နှစ်အရွယ် ဆာကီဆာတိုက လက်သူကြွယ် ကို ဖြတ်လိုက်ကြောင်း ၎င်းက ရဲအား အကူအညီတောင်းခံခဲ့သည်။
May 11 • 10:07 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 12 | 0 | 0 | 0 |


