Nio Inc ၏ ကားအမှတ်တံဆိပ်များအနက် ပင်မမူလအမှတ်တံဆိပ် Nio သည် မေလ ၁၀ ရက်တွင် အစီးရေ ၇ သိန်းမြောက်ကို ဝယ်ယူသူထံ ဟူဘေးပြည်နယ် ဝူဟံမြို့တွင် ပေးအပ်ခဲ့ကြောင်း နီယိုတည်ထောင်သူ၊ အကြီးအကဲနှင့် စီအီးအို ဖြစ်သူ William Li က Weibo တွင် ပို့စ်တင်ပြီး ပြောကြားသည်။ပင်မမူလအမှတ်တံဆိပ် Nio သည် ပရီမီယံအတန်းအစား အီးဗီများ ထုတ်လုပ်သည်။Nio ကို ၂၀၁၄ နိုဝင်ဘာတွင် တည်ထောင်ခဲ့သည်။ ပထမဆုံး ထုတ်လုပ်သည့် မော်ဒယ်မှာ ES8 ဖြစ်ပြီး Nio Day 2017 ကျင်းပသည့် ၂၀၁၇ ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ရောင်းချသည်။ ၂၀၁၈ ဇွန်လတွင် ကြိုတင်မှာကြားထားသူများထံ ကားများ စတင်ပေးအပ်သည်။
May 11 • 9:50 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


