ထိုင်းနိုင်ငံ၊ စမွတ်ဆာခရိုင်၊ ကထုန့်ဘဲင်မြို့နယ်ရှိ အလုပ်ရုံတစ်ခုမှာ စကားများရန်ဖြစ်ခဲ့တာကိုမကျေနပ်လို့ ထိုင်းအမျိုးသမီးတစ်ဦးက အပြင်က ထိုင်းအမျိုးသား ၄ ဦးခေါ်လာပြီး မြန်မာမိန်းကလေးငယ်တစ်ဦးကို ထိုးကြိတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ မေလ ၁၀ ရက် မနက်ပိုင်းက စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်ရှိ အလုပ်ရုံးတစ်ခုမှာ အလုပ်အတူ လုပ်ကိုင်ကြတဲ့ ထိုင်းအမျိုးသမီးနဲ့ မြန်မာနိုင်ငံသူ မိန်းကလေးငယ်တစ်ဦးတို့ စကားများရန်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။စကားများရန်ဖြစ်ကြပြီးနောက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ အချိန်မှာ အဆိုပါ ထိုင်းအမျိုးသမီးက အပြင်ကနေ ထိုင်းအမျိုးသား ၄ ဦးကို ခေါ်ဆောင်လာပြီး သူမနဲ့စကားများထားသူကို ထိုးကြိတ်ခိုင်းခဲ့တာကြောင့် သူမနဲ့ လိုက်ပါလာသူ ထိုင်းအမျိုးသား ၄ ဦးအနက် အမျိုးသားတစ်ဦးက မြန်မာမိန်းကလေးငယ်ရဲ့ မျက်နာနဲ့ လည်ပင်းတို့ကို ထိုးကြိတ်ခဲ့တယ်လို့ သိရပါတယ်။
အလုပ်မှာ စကားများရန်ဖြစ်ခဲ့တာကို မကျေနပ်လို့ ထိုင်းအမျိုးသမီးတစ်ဦးက ထိုင်းအမျိုးသား ၄ ဦးခေါ်လာပြီး မြန်မာမိန်းကလေးငယ်တစ်ဦးကို ထိုးကြိတ်ခိုင်း
May 11 • 9:48 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


