back

ချွန်ဘူရီခရိုင်ကထိုင်းကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို ဝင်ခိုးတဲ့ မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

May 11 • 9:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

ချွန်ဘူရီခရိုင်ကထိုင်းကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို ဝင်ခိုးတဲ့ မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်က ထိုင်းကျေးရွာအုပ်ချုပ်ရေးမှူးရဲ့နေအိမ် ဝင်ခိုးတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွားပြီး နာရီပိုင်းအကြာမှာ ...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်က ထိုင်းကျေးရွာအုပ်ချုပ်ရေးမှူးရဲ့နေအိမ် ဝင်ခိုးတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွားပြီး နာရီပိုင်းအကြာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မေလ ၁၀ ရက် မနက် ၇ နာရီအချိန်က အသက် ၅၀ အရွယ် မြန်မာနိုင်ငံသားတစ်ဦးဟာ ချွန်ဘူရီခရိုင်၊ စတ်တဟစ်မြို့နယ်၊ နာကြောင်ထီယန်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့နေအိမ်မှာ ပစ္စည်းခိုးယူဖို့ အိမ်အုတ်နံရံကျော်ပြီး ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။အဲဒီလို ဝင်ရောက်လာချိန် အိမ်သားများက တွေ့မြင်သွားတာကြောင့် အဆိုပါ မြန်မာနိုင်ငံသားဟာ ပစ္စည်းခိုးယူခြင်းမလုပ်နိုင်တော့ဘဲ ကြောက်လန့်တကြားနဲ့ နေအိမ်ထဲကနေ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

news-view-count-icon

14