အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနသည် ပါကစ္စတန်ကို တိုက်ခိုက်ခဲ့သည့် OPERATION SINDOOR စစ်ဆင်ရေး နှင့်ပတ်သက်ပြီး မေ ၉ ရက်က အထူးသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Shri Randhir Jaiswal ၊ နိုင်ငံခြားရေးအတွင်းဝန် Shri Vikram Misri ၊ ဗိုလ်မှူးကြီး Sofiya Qureshi နှင့် လေတပ်တပ်မှူး Vyomika Singh တို့လည်းတက်ရောက်ခဲ့ပြီး စစ်ဆင်ရေးနှင့်ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ မေ ၈ ရက်နှင့် ၉ ရက်ညများတွင် ပါကစ္စတန်စစ်တပ်သည် အနောက်ဘက်နယ်စပ် တလျှောက်ရှိ အိန္ဒိယလေပိုင်နက်ကို ချိုးဖောက်ပြီး စစ်ရေးအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Vyomika Singh က ပြောကြားခဲ့သည်။
May 11 • 9:46 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


