back

တရုတ်နိုင်ငံ နိုင်ငံတကာအရေးပေါ် ဆေးကုသရေးအဖွဲ့ (မကာအို) မြန်မာနိုင်ငံ ငလျင်အလွန် အရေးပေါ်ဆေးကုသရေးလုပ်ငန်းများ လုပ်ဆောင်ပြီးစီး၍ မကာအိုသို့ ပြန်လည်ထွက်ခွာ

May 11 • 9:52 AM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်နိုင်ငံ နိုင်ငံတကာအရေးပေါ် ဆေးကုသရေးအဖွဲ့ (မကာအို) မြန်မာနိုင်ငံ ငလျင်အလွန် အရေးပေါ်ဆေးကုသရေးလုပ်ငန်းများ လုပ်ဆောင်ပြီးစီး၍ မကာအိုသို့ ပြန်လည်ထွက်ခွာ

တရုတ်နိုင်ငံ နိုင်ငံတကာအရေးပေါ် ဆေးကုသရေးအဖွဲ့ (မကာအို) (အောက်ဖော်ပြပါသတင်းတွင် ဆေးကုသရေးအဖွဲ့ဟု အတိုကောက်အားဖြင့် ခေါ်ဆိုမည်) သည် မြန်မာနိုင်ငံ၌ ၁၄ ရက်ကြာ ငလျင...

တရုတ်နိုင်ငံ နိုင်ငံတကာအရေးပေါ် ဆေးကုသရေးအဖွဲ့ (မကာအို) (အောက်ဖော်ပြပါသတင်းတွင် ဆေးကုသရေးအဖွဲ့ဟု အတိုကောက်အားဖြင့် ခေါ်ဆိုမည်) သည် မြန်မာနိုင်ငံ၌ ၁၄ ရက်ကြာ ငလျင်အလွန် အရေးပေါ် ဆေးကုသရေးလုပ်ငန်းများ လုပ်ဆောင်ပြီးစီး၍ မေ ၉ ရက်တွင် မကာအိုသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။မြန်မာနိုင်ငံ၌ ရောက်ရှိနေစဉ်အတွင်း ဆေးကုသရေးအဖွဲ့သည် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မြန်မာဌာနေကိုယ်စားလှယ်ရုံး စသည့် အဖွဲ့အစည်းများနှင့် လုပ်ငန်းဆိုင်ရာ ဆွေးနွေးမှုများ အကြိမ်များစွာလုပ်ဆောင်ခဲ့ပြီး ငလျင်ဒဏ်သင့်ဒေသ ကုသကယ်ဆယ်ရေး၊ အများပြည်သူ ကျန်းမာရေးအတွက် ရင်ဆိုင်ဖြေရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ ကူးလူးဖလှယ်ခဲ့သည်။

news-view-count-icon

22