back

နေပြည်တော်မှာ တရုတ်ကပေးတဲ့ အသင့်သုံးရုံးခန်းတွေနဲ့ယာယီရုံးလုပ်ငန်းတွေ လုပ်ဆောင်နေဟုဆို

May 10 • 4:21 PM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်မှာ တရုတ်ကပေးတဲ့ အသင့်သုံးရုံးခန်းတွေနဲ့ယာယီရုံးလုပ်ငန်းတွေ လုပ်ဆောင်နေဟုဆို

တရုတ်အစိုးရက အသင့်တပ်ဆင်အသုံးပြုနိုင်တဲ့ရုံးခန်း (Modular prefabricated− office) ၃၄၀ ကို ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး မေလ ၇ ရက်က စလို့ ပထမအသုတ်အနေနဲ့ အသင့်သုံးရုံးခ...

တရုတ်အစိုးရက အသင့်တပ်ဆင်အသုံးပြုနိုင်တဲ့ရုံးခန်း (Modular prefabricated− office) ၃၄၀ ကို ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး မေလ ၇ ရက်က စလို့ ပထမအသုတ်အနေနဲ့ အသင့်သုံးရုံးခန်းပါတဲပေါင်း ၁၀၈လုံး ရောက်ရှိအသုံးပြုနေပြီလို့ အသိပေးထားပါတယ်။ ကယ်ဆယ်ရေးခေါင်းစဉ်အောက်ကနေ ပေးပို့ခဲ့တဲ့ ရုံးခန်းတွေကို တရုတ်အစိုးရက ရန်ကုန်သီလဝါ ဆိပ်ကမ်းကို ပေးပို့ပေးခဲ့ပြီး သီလဝါဆိပ်ကမ်းကတဆင့် မီးရထားတွဲ ၅၄ တွဲနဲ့ နေပြည်တော် ရွာတော်ဘူတာကို သယ်ဆောင်ခဲ့ပြီးနောက်ရောက်ရှိလာတဲ့ အသင့်သုံးရုံးခန်းတွေကို ဝန်ကြီးဌာနရုံးခန်းတွေအဖြစ် အသုံးပြုနိုင်ဖို့ ကုန်တင်ကား ၁၆ စီးနဲ့တင်ဆောင်ကာ ဥပ္ပါတသန္တိစေတီတော် ရှေ့ရှိ တပေါင်းကွင်းမှာ နေရာချထားခဲ့ပြီး ဝန်ကြီးဌာနအလိုက် ရုံးခန်းတွေကိုခွဲတမ်းချပေးခဲ့တယ်လို့သိရပါတယ်။ 


news-view-count-icon

25