ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ကုန်ပစ္စည်းတွေ ဝင်လာတဲ့လမ်းကြောင်းက တစ်ပတ်ကျော်ကြာတဲ့အထိ လမ်းပိတ်နေတာကြောင့် စိုက်ပျိုးရေးမှာ အသုံးပြုတဲ့ ပစ္စည်းတချို့ ပုံမှန်ထက် ဈေးပိုတက်နေတယ်လို့ စိုက်ပျိုးရေးသုံး ကုန်ပစ္စည်းရောင်းဝယ်နေသူတွေက ပြောပါတယ်။ကုန်ပစ္စည်းဈေးနှုန်းကို မူရင်းဈေးတက် ၁၀၀၀၀ ကျပ်အထိ ဈေးပိုပေးပြီး ဝယ်ယူနေရတယ်လို့ ဝယ်သူသူတစ်ဦးက ပြောပါတယ်။လက်ရှိမှာတော့ ပြောင်းမျိုးစေ့ တစ်ပိဿာကို ၁၇၀၀၀ ကျပ်၊ ပြောင်းတစ်အိတ်ကို တစ်သိန်းကနေ တစ်သိန်းခွဲဝန်းကျင်အထိ ဈေးနှုန်းရှိပါတယ်။ မြေသြဇာ မြားကမ္ဘာ တစ်အိတ်ကို ၁၄၀၀၀၀ ကျပ်၊ စိုက်ပျိုးရေးအတွက် အသုံးများတဲ့ အာမို ပေါင်းသတ်ဆေးလည်း ၄၃၀၀၀ ကျပ်အထိ စျေးရှိနေပြီး လမ်းပိတ်တဲ့ တစ်ပတ်အတွင်း ၁ သောင်းကျပ် အထိ စိုက်ပျိုးရေးသုံးပစ္စည်းတွေ ဈေးတက်နေတာပါ။



