ယနေ့ မေ ၁၀ ရက်နံနက်ပိုင်းကမန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများအတွက် တရုတ်နိုင်ငံမှထောက်ပံ့လှူဒါန်းသည့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ (၁၃)ကြိမ်မြောက်အဖြစ် မေ ၉ ရက်က ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ရောက်ရှိလာခဲ့သည်။တရုတ်နိုင်ငံအစိုးရမှ (၁၃)ကြိမ်မြောက်အဖြစ်ထောက်ပံ့လှူဒါန်းသည့်ပစ္စည်းများမှာ Prefabricated House နှင့် ဆက်စပ်ပရိဘောဂပေါင်း(၁,၅၇၆)စုံဖြစ်သည်။



