မန္တလေးမြို့ပေါ်တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းကာ မိုးသီးများ ကြွေကျမှုကြောင့် မြို့တွင်း သစ်ပင်များနှင့် ဓာတ်တိုင်လဲပြိုခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန၊လုပ်ငန်းဌာနခွဲမှ အချိန်ှနှင့် တပြေးညီဖယ်ရှားရှင်း လင်းရေးဆောင်ရွက်ခဲ့ကြသည်။လေပြင်းတိုက်ခတ်သည့် ဖြစ်စဉ်ကြောင့် အပင်လိုက်လဲမှု ၁၀ ခုနင့် သစ်ကိုင်းကျိုးကျမှု ၅ ခုရှိကြောင်း၊ သီရိမာလာကားကွင်းတွင် လဲကျသည့် ဓာတ်တိုင်ကို အဆောက်အအုံနှင့် ကုန်ရုံဌာနကလည်းကောင်း ၊ ၄၁လမ်း၊ လမ်း ၇၀ နှင့် ၇၂ လမ်းတွင် မီးသတ်တပ်ဖွဲ့နှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။



