မန္တလေးတိုင်းတွင်းရှိ ငလျင်ဘေးသင့်ဒေသမှ Grade1နှင့်2တက်မည့်ကလေးများတွက် တစ်ဦးလျှင်ကျောင်းသုံးပစ္စည်း ကျပ်ငါးသောင်းဖိုးခန့်ထောက်ပံ့သွားရန် Rotary Club of Mandalayမှ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။Rotary Club of Mandalay မှစီစဉ်သည့်အဆိုပါ ဆောင်ရွက်မှုတွင် ကလေးတစ် ဦးလျှင်လွယ်အိတ် ၊ကျောင်းသုံးပစ္စည်းများနှင့်ဗလာစာအုပ်တစ်ဒါဇင်တို့ကိုပေးဝေသွားမည်ဖြစ်ကာ တန်ဖိုးငွေကျပ်ငါးသောင်းခန့် ကျသင့်မည်ဖြစ်သည်။လှူဒါန်းလိုသည့်အလှူရှင်များအနေဖြင့် ကျောင်းသားတစ်ဦးတွက် အလှူငွေ ငွေကျပ်ငါးသောင်းကို Rotary Club of Mandalayသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။



