MNL League Cup 2025 ဘောလုံးပြိုင်ပွဲ အုပ်စု (B) အုပ်စု ပွဲစဉ် တစ်ပွဲ အဖြစ် မေ ၁၀ ရက်(ယနေ့)၊ ညနေက သုဝဏ္ဏကွင်း၌ ဧရာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက် တက်အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံး ကစားသမားဆုကို ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကစားသမား အာကာကျော်က ရရှိခဲ့ သည်။ ဧရာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲတွင် ရန်ကုန်ယူနိုက် တက်အသင်းက တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယနေ့ပွဲတွင် ရန်ကုန်ယူနိုက်တက် ကွင်းလယ်လူ အာကာကျော်(ကျောနံပါတ်-၆)သည် ခြေစွမ်းပြနိုင်ခဲ့သည့် အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။



