back

ကိုးကန့်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

May 10 • 2:14 PM

breaking-news

မြန်မာ

ရှမ်း

cover

ကိုးကန့်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်ဒေသအတွင်းမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ...

ကိုးကန့်ဒေသအတွင်းမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ သိရပါတယ်။ဒါ့အပြင် ကိုးကန့်ဒေသတွင်းမှာ အင်တာနက်လိုင်းများ ကောင်းမွန်လာအောင် တရုတ်နဲ့ မြန်မာလုပ်ငန်းရှင်များက တာဝန်ခွဲဝေကာ ဆောင်ရွက်ပေးနေပြီး ဖုန်းဆက်သွယ်ရေးနဲ့ အင်တာနက်လိုင်းရရှိအောင် လည်ပတ်နေတဲ့ ဆက်သွယ်ရေးလိုင်းလုပ်ငန်းဖြစ်တဲ့ MyTel နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဒီကနေ့ မေလ ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။တရုတ်ဖုန်းလိုင်းတွေဟာ သိန္နီမြို့နယ်ထဲထိ အသုံးပြုလို့ရနေပြီး ဒါဟာ သိန္နီမြို့အတွက် ပထမဆုံးအကြိမ် တရုတ်ဖုန်းလိုင်း ရရှိလာတာဖြစ်တယ်လို့ ဆိုပါတယ်။



news-view-count-icon

17