စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တိုကို တိုက်ရိုက်တွေ့ဆုံပြီး ဆွေးနွေးညှိနှိင်းမှုတွေ ပြုလုပ်ဖို G7 စက်မှုထိပ်သီးနိုင်ငံတွေက မေလ ၉ ရက်မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။နျူကလီယားပိုင်ဆိုင်တဲ့ နိုင်ငံနှစ်နိုင်ငံအကြားက စစ်ရေးတင်းမာမှုအပေါ် ကမ္ဘာအင်အားကြီးနိုင်ငံတွေက စိုးရိမ်နေတာဖြစ်ပြီး အမေရိကန်ကလည်း အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ဖိုအတွက် ကူညီပေးဖို အဆင်သင့်ရှိတယ်လို ကမ်းလှမ်းထားပါတယ်။G7 နိုင်ငံတွေရော အမေရိကန်ကပါ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံလုံးနဲ့ ဆက်သွယ်စကားပြောဆိုမှုတွေ ပုံမှန်ပြုလုပ်နေပြီး တင်းမာမှုလျှော့ချဖို တိုက်တွန်းထားပါတယ်။
May 10 • 11:15 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 47 | 0 | 0 | 0 |


