စင်ကာပူတိုးတက်ရေးပါတီ(PSP) တည်ထောင်သူနဲ့ပါတီဥက္ကဋ္ဌဖြစ်သူတန်ချန်ဘော့ကရွေးကောက်ခံနိုင်ငံရေးမှအ နားယူတော့မှာဖြစ်တယ်လို မေ ၁၀ ရက်ကအတည်ပြုပြောကြားကြောင်း သိရပါတယ်။ဒါပေမဲ့ ပါတီအတွင်းဆက်လက်တည်ရှိနေဦးမှာဖြစ်ကြောင်း ၊West Coast Market Square နေရာမှာ PSP ပါတီဝင်နဲ့လုပ်အားပေး၂၀ နဲ့အတူလူထုတွေ့ဆုံပွဲမပြုလုပ်မီ သူကဂျာနယ်လစ်တွေကိုပြောပါတယ်။ တွေ့ဆုံပွဲမှာ West Coast-Jurong West GRC နဲ့ Pioneer SMC မဲဆန္ဒနယ်မှာယှဉ်ပြိုင်သူတွေလည်းပါဝင်ပါတယ်။
| 24 | 0 | 0 | 0 |


