ယူကရိန်းသမ္မတ ဇီလန်စကီ က ရုရှားနှင့် အပစ်အခတ်ချက်ချင်းရပ်စဲရန် အသင့်ရှိနေတယ်လို့ ပြောကြား ခဲ့သည်။ ထိုအပစ်အခတ်ရပ်စဲရေးကို ယခုချက်ချင်းပင် အကောင်အထည်ဖော်နိုင်ကြောင်း ဇီလန်စကီ က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဖုန်းပြောပြီးနောက် ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးကြားဆွေးနွေးမှုက စစ်မှန်ပြီး ရေရှည်ခိုင်မြဲသော အပစ်အခတ်ရပ်စဲရေးရရှိရန် နည်းလမ်းများကို အလေးပေးခြင်းဖြစ်ကြောင်း၊ ရှေ့တန်းတွင်ဖြစ်ပေါ်နေသော အခြေအနေများအပြင် သံတမန်ရေး ဆောင်ရွက်ချက် များနှင့်ပတ်သက်၍လည်း ဆွေးနွေးဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးသည် အနည်းဆုံး ရက် ၃၀ ကြာသင့်ကြောင်း ဇီလန်စကီ ကပြောထားသည်။ 
| 20 | 0 | 0 | 0 |


