ဂျပန်နိုင်ငံရှိ ကုမ္ပဏီတစ်ခုထံမှ ကုန်ပစ္စည်းမှာယူမှုအတွက် ငွေကြေးလွှဲပေးရန် လိမ်လည်လှည့်ဖြားပြီး ဘတ် ၂၂၈ သန်းလိမ်လည်ခဲ့သော ကျားဖြန့်ဂိုဏ်း တရားခံ ထိုင်း ၅ ယောက်နှင့် ဂါနာသား တစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းဆိုက်ဘာရာဇဝတ်စုံစမ်းစစ်ဆေးရေးဗျူရို (CCIB) က မေ ၉ ရက်တွင် ထုတ်ပြန်သည်။ယင်းကျားဖြန့်လုပ်ငန်းသည် ထိုင်းနိုင်ငံအတွင်း အခြေစိုက်လိမ်လည်နေသည်မှာ နှစ်အတော်ကြာနေပြီဖြစ်ကာ တောင်ကိုရီးယား ကုမ္ပဏီတစ်ခု၏ ဆင့်ပွားကုမ္ပဏီအဖြစ် ခွဲထွက်ထူထောင်ထားပြီး မည်သည့် ထိုင်းနိုင်ငံသားမှ ဦးဆောင်မှတ်ပုံတင်ထားသည်ကို စုံစမ်းဖော်ထုတ်ဦးမည်ဖြစ်ကြောင်း၊ ဂျပန် ကုမ္ပဏီထံ မှာထားသော ကုန်ပစ္စည်းများပို့ပေးတော့မည်ဖြစ်သောကြောင့် ဘဏ်မှ ငွေချေရန် လိမ်လည် လှည့်ဖျားရာ ဘတ် ၂၂၈ သန်း လွှဲပေးပြီးမှ မူမမှန်သည့် ဖြစ်စဉ်များကြောင့် ဂျပန်ဘက်မှ ထိုင်းအစိုးရထံ တင်ပြပြီး စုံစမ်းဖော်ထုတ်ခိုင်းခဲ့ခြင်းဖြစ်သည်။
ဂျပန်ကုမ္ပဏီထံမှ ဘတ် ၂၂၈ သန်းလိမ်လည်ခဲ့သည့် ကျားဖြန့်ဂိုဏ်း တရားခံ ထိုင်း ၅ ယောက်နှင့် ဂါနာသား တစ်ယောက်ကို ဖမ်းဆီး
May 10 • 11:16 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


