စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် ဖွင့်လှစ်သည့်နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။သင်တန်းဆင်းလက် မှတ်များကိုတက်ေရာက်လာကြသော ဒေသအဆင့်ဌာနဆိုင်ရာ အကြီးအကဲများက သင်တန်းသား/သူများကိုသင်တန်းဆင်းလက် မှတ်များကိုချီးမြှင့်ပြီး စုပေါင်းအမှတ်တရ မှတ်ဓါတ်ပုံရိုက်ကူးပါသည်။အဆိုပါသင်တန်းကို (၂၉-၃-၂၀၂၅) မှ (၁၀-၅-၂၀၂၅)ထိ သင်တန်းသား/သူ (၄၈)ဦးအားသင်တန်းပို့ချခဲ့ကြောင်းသိရသည်။



