back

ပဉ္စမအကြိမ်မြောက် TOPS အိမ်မွေး အချစ်တော်တိရစ္ဆာန်ပြပွဲ ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ကျင်းပ

May 10 • 11:01 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပဉ္စမအကြိမ်မြောက် TOPS အိမ်မွေး အချစ်တော်တိရစ္ဆာန်ပြပွဲ ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ကျင်းပ

ပဉ္စမအကြိမ်မြောက် TOPS အိမ်မွေး အချစ်တော်တိရစ္ဆာန်ပြပွဲကို မေ ၈ ရက်တွင် အမျိုးသားကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ (ရှန်ဟိုင်း) ၌ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ အဆိုပါပ...

ပဉ္စမအကြိမ်မြောက် TOPS အိမ်မွေး အချစ်တော်တိရစ္ဆာန်ပြပွဲကို မေ ၈ ရက်တွင် အမျိုးသားကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ (ရှန်ဟိုင်း) ၌ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ အဆိုပါပြပွဲတွင် အိမ်မွေးတိရစ္ဆာန်လုပ်ငန်းကုမ္ပဏီပေါင်း ၁,၂၀၀ ကျော်က စတုရန်းမီတာ ၁ သိန်းကျော်သည့် ပြခန်းနေရာ၌ အိမ်မွေးတိရစ္ဆာန်အစားအစာ၊ အဝတ်အစား၊ ကျန်းမာရေးအားဖြည့်စာ၊ အလှပြင်ဆင်မှုမှ အိမ်မွေးတိရစ္ဆာန်များအား အိမ်အပြင်ခေါ်ဆောင်သွားလာရေး၊ မျိုးပွားရေးနှင့် အိမ်မွေးတိရစ္ဆာန်သုံး စမတ်ပစ္စည်းများ စသည့် ကဏ္ဍပေါင်းစုံမှ ထုတ်ကုန်အသစ်နှင့် အယူအဆအသစ်များကို တင်ဆက်ပြသခဲ့ကြောင်း သိရသည်။

news-view-count-icon

23