စစ်ကိုင်းဒေသကြီး ကလေးမြို့နဲ့ ချင်းပြည်တွေမှာဆိုရင် အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်မှုကြောင့် ဖုန်းလိုင်းရရှိတဲ့ ဆင်းကဒ်တစ်ကဒ်ကို မြန်မာငွေကျပ် ၅၀,၀၀၀ နီးပါးထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ တိုင်းရင်းသားပြည်နယ်တချို့ရှိ ဒေသများတွင် အင်တာနက်ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် ဆက်သွယ်ရေးစက် (Device အစုံ) အလုံးပေါင်း (၂၀၀) နီးပါးခန့် တပ်ဆင်ထားပြီး ဖြစ်တယ်လို့သိရပါသည်။



