ကုလသမဂ္ဂက အပြင်းအထန် သတိပေး ကန့်ကွက်နေတဲ့ကြားက အမေရိကန်ဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာ လူသားချင်း စာနာမှု အစီအစဉ်တွေအတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။အစ္စရေး နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မိုက်ခ်ဟက်ကာဘီးက ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း ဒေသခံတွေကို လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့ဖို့ စနစ်အသစ် တစ်ခုကို မိတ်ဆက် အသုံးပြုနိုင်ရေး စတင် လုပ်ဆောင်နေပြီလို့ မေလ ၉ ရက်နေ့က ပြောပါတယ်။
May 10 • 10:45 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 14 | 0 | 0 | 0 |


