back

ငလျင်ဒဏ်သင့် မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ လိုအပ်သည်များကို တရုတ်နိုင်ငံမှကူညီပေးသွားမည်

May 10 • 10:46 AM

breaking-news

မြန်မာ

ပြည်ပ

cover

ငလျင်ဒဏ်သင့် မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ လိုအပ်သည်များကို တရုတ်နိုင်ငံမှကူညီပေးသွားမည်

မန္တလေးငလျင်ကြီးဒဏ်သင့် မြန်မာနိုင်ငံ၏ ပြန် လည်ထူထောင်ရေးလုပ်ငန်းများ၌လိုအပ်သည်များကို တရုတ်နိုင်ငံမှကူညီပေးမည်ဟု တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်မှ မေ ၉ ရက...

မန္တလေးငလျင်ကြီးဒဏ်သင့် မြန်မာနိုင်ငံ၏ ပြန် လည်ထူထောင်ရေးလုပ်ငန်းများ၌လိုအပ်သည်များကို တရုတ်နိုင်ငံမှကူညီပေးမည်ဟု တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်မှ မေ ၉ ရက်ညနေပိုင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်မှ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ဆုံးရှုံးရမှုများအတွက် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူလူထုနှင့်ထပ်တူ ဝမ်းနည်းရကာ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတို့အတူတကွလက်တွဲ၍ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပြီး တရုတ်နိုင်ငံအနေဖြင့်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

news-view-count-icon

8