အမေရိကန်ပြည်ထောင်စု မူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်ရုံး U.S. Patent and Trademark Office USPTO သည် တက်စလာက မကြာမီ ထုတ်လုပ်မည်ဟု ကြေညာထားသည့် မောင်းသူမဲ့ တက္ကဆီများအတွက် ရိုဘိုတက္ကဆီ "Robotaxi" ကို အမှတ်တံဆိပ် မူပိုင်ခွင့် လျှောက်ထားရာ၌ USPTO က ၎င်းအမှတ်တံဆိပ် အမည်သည် ယေဘုယျဆန်လွန်းသဖြင့် အမှတ်တံဆိပ် မူပိုင်ခွင့် ပေးရန် ငြင်းဆန်လိုက်သည်။တက်စလာက မောင်းသူမဲ့ တက္ကဆီ ဝန်ဆောင်မှုအတွက်လည်း "Robotaxi" ကို အမှတ်တံဆိပ် မူပိုင်ခွင့် လျှောက်ထားသည်။ ၎င်းလျှောက်လွှာကို USPTO က စိစစ်ဆဲ ဖြစ်သည်။တက်စလာသည် မောင်းသူမဲ့ တက္ကဆီအတွက် "Cybercab" ဟု အမှတ်တံဆိပ် မူပိုင်ခွင့် လျှောက်ထားသည်ကိုလည်း USPTO က ခွင့်မပြုချေ။ အခြားကုမ္ပဏီများကလည်း အလားတူ "Cyber" အမှတ်တံဆိပ်များ မူပိုင်ခွင့် လျှောက်ထားကြသဖြင့် တက်စလာ တဦးတည်းကို ကွက်ပြီး မူပိုင်ခွင့် ပေးရန် မဖြစ်နိုင်ဟု USPTO က ဆိုသည်။
"Robotaxi" ကို အမှတ်တံဆိပ် မူပိုင်ခွင့် လျှောက်ထားရာ၌ USPTO ကအမှတ်တံဆိပ် မူပိုင်ခွင့် ပေးရန် ငြင်းဆန်
May 10 • 10:44 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 11 | 0 | 0 | 0 |


