back

ထိုင်းမှာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာနေတဲ့အပေါ် ပညာရှင် သတိပေး

May 10 • 10:38 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းမှာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာနေတဲ့အပေါ် ပညာရှင် သတိပေး

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။ဘန်ကောက် မြို့တော်က ချူလာလောင်ကွန်း တက္ကသိုလ်မှာ...

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။ဘန်ကောက် မြို့တော်က ချူလာလောင်ကွန်း တက္ကသိုလ်မှာ တွဲဖက် ပါမောက္ခ တာဝန်ယူထားတဲ့ ဒေါက်တာ သီရာ ဝန်ရာတာနာရတ်က ဧပြီ ၂၇ ရက်ကနေ မေလ ၃ ရက်နေ့ထိ တစ်ပတ်လောက် ကာလအတွင်း ဆေးရုံသွားဖို့ လိုအပ်ခဲ့တဲ့ထိ ကိုဗစ်လူနာ ၈၄၄၆ ဦး ရှိခဲ့တာကို Facebookပေါ်မှာ အသိပေး ရေးသားထားခဲ့ပါတယ်။ အဲဒီထဲမှာ ဘန်ကောက်ဟာ ကိုဗစ်လူနာ ၂၃၇၇ ယောက်နဲ့ အများဆုံးအဖြစ် ဦးဆောင်နေပြီး ချောင်ဘူရီက ၆၈၀ ဦးနဲ့ ဒုတိယ၊ နွန်သာဘူရီက ၄၉၀ နဲ့ တတိယ အသီးသီး ရပ်တည်ခဲ့ကြပါတယ်။ အသက် ၃၀ နဲ့ ၃၉ နှစ်ကြား အစုအဖွဲ့မှာ လူနာ အများဆုံးဖြစ်ပြီး ၁၇၉၄ ဦး ရှိခဲ့ပြီး အသက် ၂၀ နဲ့ ၂၉ နှစ်ကြားက ၁၅၄၀ ဦး၊ အသက် ၆၀ အထက်က ၁၅၃၆ ဦး ရှိခဲ့တယ်လို့ ဒေါက်တာ သီရာက ဆိုပါတယ်။

news-view-count-icon

9