အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ်ကင်နက်ဒီဂျူနီယာက မီဒီယာကွန်ဖရန့်တစ်ခုမှာ သကြားအဆိပ်သင့်တဲ့အကြောင်း ပြောသွားပြီး အမေရိကန်တွေအနေနဲ့ အစားစားတဲ့အခါမှာ သကြားထပ်ထည့်ခြင်း မလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ "သကြားကို လုံးဝတားမြစ်ဖို့ကတော့ မဖြစ်နိုင်တာသိပေမယ့် ဘယ်လောက်အထိ စားမိနေလဲဆိုတာကို အသိပေးချင်တာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။ ပစ္စည်းအညွှန်းတံဆိပ်နဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ဥပဒေတွေ စားသောက်လမ်းညွှန်ချက်အသစ်တွေ အစိုးရမှ ထုတ်ပြန်ဖို့လိုပြီး အဝလွန်ခြင်း၊ ဆီးချို၊ နှလုံးရောဂါတို့နဲ့ ဆက်စပ်နေတဲ့ သကြားကို ရှောင်ရှားစေနိုင်မယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ အစိုးရက ၂၀၂၆ မှာ ထုတ်လုပ်ဆိုးဆေး ၈ မျိုးပယ်ဖျက်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။
May 10 • 10:39 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 12 | 0 | 0 | 0 |


