တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် တို့သည် ဒေသစံတော်ချိန် မေ ၈ ရက် ညနေပိုင်းတွင် ကရင်မလင်နန်းတော်ရှိ သမ္မတရုံး၌ လက်ဖက်ရည်စကားဝိုင်းဖြင့် စကားစမြည် ပြောဆိုဆွေးနွေးခဲ့သည်။ပူတင်က နိုင်ငံရေးနည်းလမ်းဖြင့် ယူကရိန်းအကျပ်အတည်းအား ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ ဓမ္မဓိဋ္ဌာန်ကျ၍ တရားမျှတသည့် ရပ်တည်ချက်ကို အထူးတန်ဖိုးထားချီးကျူးပါကြောင်း၊ ရုရှားအနေဖြင့် ကြိုတင်သတ်မှတ်ချက်များ မထားရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးမှုကို စတင်လိုရာ တရားမျှတ၍ ရေရှည်ဖြစ်သော ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။


