ဗီယက်နမ်သည် ယခုနှစ် ပထမလေးလအတွင်း ငရုတ်ကောင်းစေ့ တန်ချိန် ၇၄,၂၅၀ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၁၀ ဒသမ ၆ သန်း ရရှိခဲ့သည်။ ၂၀၂၄ နှစ် နှိုင်းယှဉ်ပါက တန်ချိန် ၁၀.၆% လျော့ကျခဲ့သော်လည်း ပို့ကုန်ဝင်ငွေ ၄၅% တိုးသည်။ဗီယက်နမ် ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင် အသင်း Vietnam Pepper and Spice Association (VPSA) မှ အချက်အလက်များအရ ဧပြီလတွင် ဗီယက်နမ်နိုင်ငံသည် ငရုတ်ကောင်းစေ့ အမည်း ၂၃,၂၇၁ တန်နှင့် ငရုတ်ကောင်းစေ့ အဖြူ ၃,၃၁၉ တန် စုစုပေါင်း တန်ချိန် ၂၆,၅၉၀ တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၁၈၄.၁ သန်း ရရှိခဲ့သည်။
ဗီယက်နမ်သည် ၂၀၂၄ နှစ် နှိုင်းယှဉ်ပါကငရုတ်ကောင်းစေ့ တန်ချိန် ၁၀.၆% လျော့ကျခဲ့သော်လည်း ပို့ကုန်ဝင်ငွေ ၄၅% တိုး
May 10 • 10:31 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 11 | 0 | 0 | 0 |


