back

အိန္ဒိယနဲ့ ဝေဟင်စစ်ပွဲမှာ အမေရိကန်ထုတ် F -16 တိုက်လေယာဉ်တွေကို ပါကစ္စတန် သုံးခွင့်မရ

May 10 • 10:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယနဲ့ ဝေဟင်စစ်ပွဲမှာ အမေရိကန်ထုတ် F -16 တိုက်လေယာဉ်တွေကို ပါကစ္စတန် သုံးခွင့်မရ

ပါကစ္စတန် လေတပ်ဟာ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ပိုင်ဆိုင်ထားပေမယ့် အိန္ဒိယနဲ့ လက်ရှိ စစ်ရေး ပဋိပက္ခမှာ အဲဒီလေယာဉ်တွေကို သုံးစွဲခွင့် မရှိဘူးလို့ သိရပါတယ်။ပါ...

ပါကစ္စတန် လေတပ်ဟာ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ပိုင်ဆိုင်ထားပေမယ့် အိန္ဒိယနဲ့ လက်ရှိ စစ်ရေး ပဋိပက္ခမှာ အဲဒီလေယာဉ်တွေကို သုံးစွဲခွင့် မရှိဘူးလို့ သိရပါတယ်။ပါကစ္စတန် စစ်တပ်က အိန္ဒိယ တိုက်လေယာဉ်တွေကို ပစ်ချရာမှာ တရုတ်ဆီက ဝယ်ယူထားတဲ့ တိုက်လေယာဉ်တွေနဲ့ တရုတ် ဝေဟင်ပစ် ဒုံးကျည်တွေကို အသုံးပြုခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အမေရိကန်ဟာ လက်နက် ရောင်းဝယ်မှု စာချုပ်တွေမှာ F-16တွေ အပါအဝင် အမေရိကန် စစ်လက်နက် အားလုံးကို အိန္ဒိယနဲ့ ပဋိပက္ခတွေမှာ သုံးစွဲခွင့် မပြုဘူးလို့ ပါကစ္စတန်ကို ကြိုတင် ကန့်သတ်ထားတယ်လို့ သိရပါတယ်။

news-view-count-icon

16