Thai Airways International (THAI) က အိန္ဒိယ-ပါကစ္စတန် လေပိုင်နက်ကို ပိတ်တဲ့အတွက် မေလ ၁၀ ရက်နေ့အထိ လေကြောင်း ခရီးစဉ်တွေကို ထိခိုက်မယ်လို့ သတိပေးလိုက်ပါတယ်။လေကြောင်း ခရီးစဉ်တွေဟာ အောက်ပါအတိုင်း ပြောင်းလဲမှာ ဖြစ်ပါတယ်။
ဘန်ကောက် နဲ့ ပါကစ္စတန် (လာဟိုး၊ အစ္စလာမာဘတ် ၊ ကရာချီ) လေကြောင်း ခရီးစဉ်တွေကို တိုက်ရိုက် ထိခိုက်မှာဖြစ်ပါတယ်။
ဘန်ကောက် နဲ့ အိန္ဒိယ လေကြောင်း ခရီးစဉ်တွေက ပုံမှန်အတိုင်း လည်ပတ်နေမှာ ဖြစ်ပါတယ်။
ထိုင်း နဲ့ ဥရောပ လေကြောင်း ခရီးစဉ်တွေဟာ လမ်းကြောင်းပြောင်းလိုက်တဲ့အတွက် မိနစ် ၃၀ ကနေ ၄၀ အထိ ပိုမိုကြာမြင့်မှာ ဖြစ်ပါတယ်။ 


