အဆိုတော်လေးဖြူက သမီးလေးနဲ့အတူ မိသားစုလိုက် မွေးနေ့ဆွမ်းကပ်ကို ကြိုတင်ပြုလုပ်ခဲ့တာဖြစ်ပြီးမေလ ၁၉ ရက်နေ့မှာ အသက် ၆၀ ပြည့်တော့မယ့် အဆိုတော်လေးဖြူဟာ ပြည်ပခရီးစဉ်တစ်ခုရှိတာကြောင့် ကြိုတင်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ အဆိုတော်လေးဖြူဟာ Iron Cross အဖွဲ့ရဲ့ ပင်တိုင်အဆိုရှင်တစ်ဦးဖြစ်ပြီး ယနေ့ထိတိုင် သူ့ရဲ့သီချင်းတွေဟာ ပရိသတ်တွေကြား ရေပန်းစားလူကြိုက်များနေဆဲဖြစ်ပါတယ်။



