ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် တောင်ငူ-သံတောင်ကြီး ကားလမ်းပိုင်းမှာ ဒေသတွင်းအခြေနေများကြောင့်မေလ ၁ ရက်နေ့ကစပြီး တောင်ငူမြို့ကို ကားတွေ သွားလာတာတွေမပြုလုပ်ဖို့ ပြောထားပါတယ်။တောင်ငူမြို့ကို သွားတဲ့လမ်းတွေအားလုံးကို မေလ၁ ရက်နေ့ကစပြီး မေ ၈ ရက်နေ့အထိ တောင်ငူ - သံတောင်(၁၃)မိုင်-သံတောင်ကြီး လမ်းပိုင်းက တောင်ငူမြို့ကိုသွားတဲ့ လမ်းတွေအားလုံး ပိတ်ထားလိုက်တဲ့အတွက် ဒေသတွင်းမှာရှိနေတဲ့ ဒေသခံပြည်သူတွေဟာ လတ်တလောမှာ စားနပ်ရိက္ခာ၊ စက်သုံးဆီ စတဲ့ အခက်အခဲတွေ ရင်ဆိုင်နေရပြီး လမ်းပိတ်ဆို့မှုကြာမြင့်လာပါက စားနပ်ရိက္ခာတွေ ပြတ်တောက်သွားနိုင်ပါတယ်။


