ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၊ အမြန်လမ်းမိုင်တိုင် (၁၂၀)အနီးတွင် မေလ(၆)ရက်နေ့က ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့ရာ(၁၁၅)မိုင်ကြက်ခြေနီ ရှေးဦးပြုစုခြင်းစခန်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစု၍ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ထိုမှတဆင့်ဆေးရုံလွှဲပြောင်းသည့် လူနာများကို အမြန်လမ်း(၈၄)မိုင်နှင့် (၃၉)တို့ရှိ ကြက်ခြေနီရှေးဦးပြုစုခြင်းစခန်းများမှ ကြက်ခြေနီလူနာတင်ယာဥ်များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ခဲ့ကြပါတယ်။



