back

နေပြည်တော်တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကိုကျင်းပခဲ့

May 10 • 8:04 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

နေပြည်တော်တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကိုကျင်းပခဲ့

နေပြည်တော်တွင် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကျင်းပသော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို မေလ(၈)ရက်နေ့က နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင်ကျ...

နေပြည်တော်တွင် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကျင်းပသော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို မေလ(၈)ရက်နေ့က နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌမှ ပေးပို့သောသဝဏ်လွှာကို နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးအောင်ချိုက ဖတ်ကြားခဲ့ပါတယ်။ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် ကော်မတီဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ပြီး လူမှုကရုဏာလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အလှူငွေများလှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပါတယ်။


news-view-count-icon

27